ပေါက်ခေါင်း ဇွန် ၁၅
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူးရုံးမှဒုတိယညွှန်ကြားရေးမှူးဒေါ်တင်တင်ချိုနှင့်ဝန်ထမ်းအဖွဲ့များသည် ယမန်နေ့နံနက် ၁၀ နာရီက ပေါက်ခေါင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က(အိုးဘိုကုန်း)ကျောင်းခန်းမတွင် သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဦးစွာဟောပြောပွဲတွင် အ.ထ.က(အိုးဘိုကုန်း)မှကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဝင်းက အဖွင့်အမှာစကားနှင့်ကျေးဇူးတင်စကားပြောကြားပြီး ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဦးစီးအရာရှိ ဒေါ်မြတ်နှင်းအေးက မြန်မာနိုင်ငံတွင်ဖြစ်ပွားလေ့ရှိသည့်ဘေးအန္တရာယ်များအကြောင်းနှင့် ပြည်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးဒေါ်တင်တင်ချိုက ငလျင်ဘေး၊ မိုးကြိုးဘေး၊ ဆူနာမီနှင့်မြေပြိုဘေးစသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်တတ်သည့်အချိန်၊ နေရာဒေသအကြောင်းအရာများနှင့် ဘေးအန္တရာယ်များကျရောက်လာပါက ဆောင်ရန်၊ ရှောင်ရန်နှင့်သဘာဝဘေးအန္တရာယ်ကျရောက်တော့မည်ဟု ကြိုတင်သတင်းရရှိထားပါက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့်အချက်များကို ဆွေးနွေးဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများ ငလျင်ဘေးနှင့်မိုးကြိုးဘေးအန္တရာယ်ကြုံတွေ့လာရပါက အဆောက်အဦနှင့်ကွင်းပြင်များတွင် မည်သို့နေထိုင်ရမည်ကို လက်တွေ့သရုပ်ပြသဆောင်ရွက်ပေးခဲ့ပြီး လက်ကမ်းစာစောင်နှင့်ဘောပင်များဝေငှပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)