လှည်းကူး ဇွန် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က လှည်းကူးမြို့၊ သာသနာ့ရိပ်သာရပ်ကွက်ရှိ မေဃဝတီ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးတင်မျိုးအောင်က ကျောင်းသား/သူများကို လူငယ်နှင့်စာပေအကြောင်း၊ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း သိကောင်းစရာများ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေး ဟောပြောသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာများကို အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာ
စောင်များတွင် ပြသထားရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)