သာပေါင်းမြို့နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ မြို့အဝင်ဂိတ်များတွင် စဉ်ဆက်မပျက် ကြပ်မတ်စစ်ဆေး

သာပေါင်း ဇွန် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က ကြပ်မတ်စစ်ဆေးခြင်းများကို ယနေ့ နံနက် ၉ နာရီ အချိန်မှစတင်၍ ကွက်ပြင်ကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာရှိ မြို့အဝင် စစ်ဆေးဂိတ် တွင် ဆောင်ရွက်ကြ သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သန်းနိုင်၊ အဖွဲ့ဝင်(၂) ဦးကျော်တိုး၊ အဖွဲ့ဝင်(၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်‌ဇော်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ဒုတိယရဲမှူး ဝင်းနိုင်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူး ဦးထွန်းမင်းလက်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ယာဥ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ တာဝန်ရှိသူများ၊ မြို့နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့ဝင်များ ပူးပေါင်း၍ ခရီးသွား ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်‌ဆောင်သွားလာကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ် တစ်ပါတည်း ယူဆောင်လာကြရန်၊ တရားမဝင် ကုန်စည်များ ဖြန့်ဖြူးသယ်ယူပို့ဆောင်မှုမရှိစေရေး၊ အကောက်ခွန်မဲ့ပစ္စည်းများ သယ်ဆောင်ခြင်းမပြုရေး၊ တရားမဝင်ကုန်စည်များ ဝင်ရောက်မှုမရှိစေရေး စစ်ဆေးခြင်း၊ လိုင်စင်မဲ့ယာဥ်များ မှတ်ပုံတင်ဆောင်ရွက်ရေး၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်ရန်၊ စီးနင်းသွားလာခြင်းမရှိစေရေး ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် မော်တော်ဆိုင်ကယ် စီးနှင်းပါက ဆိုင်ကယ်ဆောင်းဦးထုပ်ဆောင်း မေးသိုင်းကြိုးတပ်ဆင်၍ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်ရေး ပြည်သူများ ယာဥ်အန္တရာယ် ကင်းဝေးစေရေး စိစစ်အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်