ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု ကွမ်းကြီးတဲတိုက်သို့ သောက်သုံးရေ ၁၆၀၀ ဂါလံ လှူဒါန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု ကွမ်းကြီးတဲတိုက် သို့ဝေမျှခြင်း ပရဟိတမိသားစုက ယနေ့နံနက် ၉ နာရီခွဲအချိန်က သောက်သုံးရေ ၁၆၀၀ ဂါလံသွားရောက် လှူဒါန်းပေးခဲ့ကြောင်း ညောင်ဦးမြို့နယ် အေးမေတ္တာရေ အလှူတော်တာဝန်ရှိသူများထံက သိရသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကုန်ဈေးနှုန်းများ တည်ငြိမ်မှန်ကန်မှုရှိရေးနှင့် ပြည်သူများ​​ စျေးရောင်း​စျေးဝယ်ပြုလုပ်​နေမှုများအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်း​ဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ် (၃) ရပ်ကွက်ရှိ မြို့သစ်ဈေးသို့သွားရောက်၍ ကုန်ဈေးနှုန်းများ တည်ငြိမ်မှန်ကန်ရှိစေရေးနှင့် ပြည်သူများ ​စျေး​​ရောင်း​စျေးဝယ် ပြုလုပ်​နေမှုအ​ခြေအ​နေများ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

သာပေါင်းမြို့နယ်တွင် ပြည်သူများအတွက်ကြက်ဥများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာ‌ပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်ယ‌နေ့ ဇွန်လ ၁၈ ရက်နေ့ နံနက် ၇ နာရီအချိန်မှစတင်ကာ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များထဲမှ ကြက်ဥများအား ပြင်ပပေါက်စျေးထက် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် ခရမ်းသီးအပြာရောင်အရှည်မျိုး စိုက်ပျိုးသူများ ဈေးကောင်းရဖြင့် အဆင်ပြေလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တောင်သူများအနေဖြင့် ဆန်စပါးအပြင် နေ့စဉ်မိသားစုဝင်ငွေရရှိရေး မီးဖိုချောင်သုံးသီးနှံများ စိုက်ပျိုးရောင်းချလျက်ရှိရာ အုတ်ဖိုကျေးရွာတွင် ခရမ်းသီးအပြာရောင်အရှည်မျိုး စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ခူးဆွတ်ရောင်းချပြီး ဈေးကောင်းရသဖြင့် မိသားစုများ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

ငွေဆောင်မြို့တွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ ကြီးမှူး၍ အခြေခံစားသောက်ကုန်ပစ္စည်းများအား မြို့အတွင်း လှည့်လည်ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ယမန်နေ့နံနက် (၇း၀၀)အချိန်မှ စတင်ကာ မြို့စည်ပင်သာယာရေးအဖွဲ့မှ ကြီးမှူး၍ အခြေခံစားသောက်ကုန်ပစ္စည်းများအား မြို့ပေါ်ရပ်ကွက်များအတွင်း ကားဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အသေးစား စက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင်ရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် အသေးစား စက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင်ရေးဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရသေ့တောင်မြို့နယ်၌ လယ်သမားများအား စိုက်ပျိုးချိန်အမီ ထွန်စက်များဖြင့် ထွန်ယက်ပေးမည်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် တောင်သူလယ်သမားများ၏ ကျွဲ၊ နွားတိရိစ္ဆာန်များ သေဆုံးမှုများရှိခဲ့ရာ ယခုနှစ်စိုက်ပျိုးရာသီအမီ ထွန်ယက်လုပ်ကိုင်နိုင်ရန် သဘာဝဘေး ပြန်လည်ထူထောင်ရေးအနေဖြင့် ရသေ့တောင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် ရခိုင်ပြည်နယ် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ထွန်ယက်စိုက်ပျိုးရန် ခက်ခဲနေသည့်တောင်သူများအား New Holland အမျိုးအစား (မြင်းကောင်ရေ-၅၀ရှိ) ထွန်စက် (၂၀) စီးဖြင့် ထွန်ယက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ စိုက်ဘဏ်မှ စိုက်ပျိုးရေးချေးငွေပြေလည်ပြီး ဆပ်ရန်ကျန်ရှိ တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ စိုက်ဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေ ပြေလည်ပြီးဆပ်ရန်ကျန်ရှိ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပြည်အေးခန်းမ၌ ကျင်းပသည်။

မြန်အောင်၌ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့်​ ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၌ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ကြက်ဥများအား ပြင်ပပေါက်စျေးထက် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ယမန်နေ့ညနေက အမှတ် ၁ ရပ်ကွက် စိန်ဝတ်မှုံတွင် ရောင်းချပေးခဲ့ကြသည်။

မအီမြို့၌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းများ ပူးပေါင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် တောင်ကုတ်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို မြို့အုပ်ချုပ်ရေးမှူးဦးဆောင်၍ ယမန်နေ့ နံနက်ပိုင်းက မအီမြို့ပေါ် အမှတ် ၃ ရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to