ကျောက်ဆည်မြို့နယ်တွင် ခရမ်းသီးအပြာရောင်အရှည်မျိုး စိုက်ပျိုးသူများ ဈေးကောင်းရဖြင့် အဆင်ပြေလျက်ရှိ

 

ကျောက်ဆည် ဇွန် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တောင်သူများအနေဖြင့် ဆန်စပါးအပြင် နေ့စဉ်မိသားစုဝင်ငွေရရှိရေး မီးဖိုချောင်သုံးသီးနှံများ  စိုက်ပျိုးရောင်းချလျက်ရှိရာ အုတ်ဖိုကျေးရွာတွင် ခရမ်းသီးအပြာရောင်အရှည်မျိုး စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းပြီး  နေ့စဉ်ခူးဆွတ်ရောင်းချပြီး ဈေးကောင်းရသဖြင့် မိသားစုများ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

ခရမ်းသီးနှံစိုက်ပျိုးမည်ဆိုပါက မြေကိုကောင်းစွာပြုပြင်ပြီး ရေသွင်းရေထုတ် လွယ်ကူစေရန်အတွက် မြေဘောင်များပြုလုပ်ပြီး တစ်ပင်နှင့် တစ်ပင် () ပေခြားစိုက်ပျိုးကာ အစိုဓာတ်မပြတ် ရေသွင်းပေးရကြောင်း အပင်ငယ်ချိန်တွင် မြေဆွခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်းများ ဆောင်ရွက်ရပြီး တစ်လတစ်ခါ အပင်အခြေများတွင် အာမိုမြေဩဇာနှင့် ပုလဲမြေဩဇာရောနှော၍ သင့်တင့်ရုံ ကျွေးပေးရပြီး လိုအပ်တဲ့အချိန်တွင် အပင်အားတိုးဆေး၊ ပိုးနှင်ဆေးနှင့်ပိုးသတ်ဆေးများ ဖျန်းပေးရကြောင်း၊ စတင်ခူးဆွတ်ချိန်တွင် တစ်ရက်ခြားခူးဆွတ်ရပြီး အသီးလှိုင်ချိန်တွင် နေ့စဉ်ခူးဆွတ် ရောင်းချရကြောင်း၊ ရောင်းဈေးအနေဖြင့် တစ်ပိဿာငွေကျပ် (၁၄၀၀) မှ (၁၆၀၀) ကျပ်အထိ ရောင်းချရသဖြင့် ခရမ်းသီး အပြာရောင် စိုက်ပျိုးရောင်းသည့်  မိသားစုများ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ခရမ်းအပင် (၅၀၀) တစ်နိုင်တစ်ပိုင် စိုက်ပျိုး ထားသည့် အုတ်ဖိုကျေးရွာမှ ဦးသန်းဌေးက ပြောပြသည်။

ခရမ်းစိုက်ပျိုးရာတွင် "အပင်သေပျောက်မှုမရှိစေရေး ခရမ်းမျိုးစေ့များအား ပလတ်စတစ်အိပ်များဖြင့် ဦးစွာပျိုးထောင်ပြီး သန်မာသည့် မျိုးပင် များအား ရွေးချယ်စိုက်ပျိုးကြောင်း ပျိုးသက် () လသားအရွယ်တွင် မြေပြင်ထားသော စိုက်ခင်းထဲကို ပြောင်းရွေ့စိုက်ပျိုးကြောင်း ခရမ်းအပင် ငယ်ချိန်တွင် သီးညှပ်အဖြစ် နံနံ၊ ချဉ်ပေါင်သီးနှံများနှင့် တွဲ၍စိုက်ပျိုးခြင်းများလည်းရှိကြောင်း" ခရမ်းစိုက် တောင်သူတစ်ဦးမှ ပြောပြ၍ သိရှိရသည်။

သက်မောင်