သာပေါင်းမြို့နယ်တွင် ပြည်သူများအတွက်ကြက်ဥများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိ

သာပေါင်း ဇွန် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာ‌ပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်ယ‌နေ့ ဇွန်လ ၁၈ ရက်နေ့ နံနက် ၇ နာရီအချိန်မှစတင်ကာ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များထဲမှ ကြက်ဥများအား ပြင်ပပေါက်စျေးထက် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့သည်။

အခြေခံစားသောက်ကုန်ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းဧရာထိုက်၊ မြို့နယ်ကုသ‌ရေးနှင့်မွေးမြူရေးဦးစီးဌာန၊ ဦးစီးမှူးဒေါက်တာကျော်လင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူးဦးထွန်းမင်းလတ်နှင့် မီးသတ်တပ်ဖွဲ့ဝင်တို့က ပြည်သူများအား ပြင်ပပေါက်စျေးထက် စျေးနှုန်းသက်သာစွာဖြင့် ကြက်ဥတစ်လုံးလျင် (၂၅၀)ကျပ်နှုန်းဖြင့် ကြက်ဥအလုံး (၅၀၀) လွတ်လပ်စွာရောင်းချပေးခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း(ပြန်/ဆက်)