သာပေါင်း ဇွန် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ စိုက်ဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေ ပြေလည်ပြီးဆပ်ရန်ကျန်ရှိ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပြည်အေးခန်းမ၌ ကျင်းပသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးယူပြီး ငွေကြေးပြေလည်ပြီး ကြွေးဆပ်ရန်ကျန်ရှိ တောင်သူများမှ တစ်အုပ်စုလျှင် တောင်သူ(၅)ဦးစီ ခေါ်ယူတွေ့ဆုံကြရာ ကျေးရွာအုပ်စု(၄)၊ ငွေကြေးပြေလည်ပြီး ကြွေးဆပ်ရန်ကျန် တောင်သူ (၄၁)ဦးတို့ တတ်ရောက်ကြပြီး ၂၀၂၀ ခုနှစ် မိုး၊ ဆောင်း၊ ကိုဗစ် စိုက်ပျိုးစရိတ် ချေးငွေပေးဆပ်ရန်ကျန်ရှိ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးရခြင်း အကြောင်းရင်းအား ရှင်းလင်း ပြောကြားပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပထမအရစ်၊ မေလတွင် ဒုတိယအရစ် ပေးဆပ်မည်ဖြစ်ကြောင်း အပြေအကြေပေးဆပ်ရန် တောင်သူများက သဘောတူလက်ခံသဖြင့် ကျေးရွာအုပ်စု (၄)အုပ်စု၊ တောင်သူ(၄၁)ဦးမှ တောင်သူများ ဝန်ခံကတိပြု လက်မှတ်ရေးထိုးခဲ့ကြပြီး စိုက်ပျိုးစရိတ်ချေးငွေပေးဆပ်ရန်ကျန်ရှိ တောင်သူများထဲမှ (၁)ဦးမှ စိုက်ပျိုးစရိတ်ချေးငွေ (၁၅)သိန်းအား အပြေအကြေပေးဆပ်ခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်