ငွေဆောင် ဇွန် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ယမန်နေ့နံနက် (၇း၀၀)အချိန်မှ စတင်ကာ မြို့စည်ပင်သာယာရေးအဖွဲ့မှ ကြီးမှူး၍ အခြေခံစားသောက်ကုန်ပစ္စည်းများအား မြို့ပေါ်ရပ်ကွက်များအတွင်း ကားဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချရာတွင် ကြက်ဥတစ်လုံး (၂၅၀)ကျပ်၊ ဘဲဥတစ်လုံး (၃၅၀)ကျပ်၊ ချဥ်ပေါင်ရွက်တစ်စည်း (၁၀၀) ကျပ်၊ ကန်စွန်းရွက်တစ်စည်းလျှင် (၂၀၀)ကျပ်နှင့် (၃)စည်းယူလျှင် (၅၀၀)ကျပ်၊ ဝက်သားတစ်ပိဿာ (၁၂၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာ (၁၅၀၀၀)ကျပ် စသည်ဖြင့် ပြင်ပပေါက်စျေးထက် သက်သာသော စျေးနှုန်းများဖြင့် လိုက်လံရောင်းချပေးခဲ့ရာ အဆိုပါ ရောင်းချမှုသို့ မြို့စည်ပင်သာယာရေးအဖွဲ့၊ မြို့ဌာနဆိုင်ရာများနှင့်ရပ်/ကျေးအုပ်ချုပ်ရေးများက လိုက်ပါ ရောင်းချပေးခဲ့ပြီး ဒေသခံပြည်သူများမှလည်း ကြိတ်ကြိတ်တိုး ဝယ်ယူအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
မြို့နယ်