ညောင်ဦး ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု ကွမ်းကြီးတဲတိုက် သို့ဝေမျှခြင်း ပရဟိတမိသားစုက ယနေ့နံနက် ၉ နာရီခွဲအချိန်က သောက်သုံးရေ ၁၆၀၀ ဂါလံသွားရောက် လှူဒါန်းပေးခဲ့ကြောင်း ညောင်ဦးမြို့နယ် အေးမေတ္တာရေ အလှူတော်တာဝန်ရှိသူများထံက သိရသည်။
ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ၊ တဲတိုက်၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီး ကျောင်းများသို့ သောက်သုံးရေအလှူခံလာပါက ဝေမျှခြင်းပရဟိတအသင်းကသွား ရောက်လှူဒါန်းလျက်ရှိရာ ယနေ့တွင်လည်း ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု ကွမ်းကြီးတဲတိုက်အတွက် သောက်သုံးရေ ဂါလံ (၁၆၀၀) သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဒီပါလင်း