မြန်အောင်၌ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့်​ ရောင်းချပေး

မြန်အောင် ဇွန် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၌ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ကြက်ဥများအား ပြင်ပပေါက်စျေးထက် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ယမန်နေ့ညနေက အမှတ် ၁ ရပ်ကွက် စိန်ဝတ်မှုံတွင် ရောင်းချပေးခဲ့ကြသည်။

အခြေခံစားသောက်ကုန် ရောင်းချပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက အိမ်ထောင်စု (၁)စုလျှင် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်တစ်ပြည်(၂၅၀၀)ကျပ်နှုန်း၊ ဆီ ၅ဝသား (၂၀၀၀)ကျပ်နှုန်း၊ ဆားတစ်ပိသာ (၄၀၀) ကျပ်နှုန်း၊ ကြက်ဥ (၄)လုံးလျှင် (၁၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြန်အောင်(ပြန်/ဆက်)