ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့ ဧက ၁၀၀ တင်း ၁၀၀ စံပြစိုက်ကွက် အတွင်း မျိုးကောင်းမျိုးသန့် မိုးစပါးစိုက်ပျိုးနိုင်ရေးနှင့် သီးထပ်သီးနှံအဖြစ် ဆီထွက်သီးနှံ စိုက်ပျိုးနိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ တိုးတက်မြင့်မားလာစေပြီး ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်‌ရေးနှင့် တောင်သူများ၏ လူမှုစီးပွားဘဝ ပိုမိုတိုးတက် မြင့်မားလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ဧက ၁၀၀ တင်း ၁၀၀ စံပြ စိုက်ကွက်အတွင်း ကွင်းဆင်း စစ်ဆေးခဲ့သည်။

မြောက်ဦးမြို့၌ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား အာဟာရထောက်ပံ့ပေးအပ်ခြင်းနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား အာဟာရ ထောက်ပံ့ပေးအပ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့က ထမ္မရာဇ်ရပ်ကွက် ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရေစကြိုမြို့နယ်တွင် မိုးတွင်းကာလ လျှပ်စစ်ဓာတ်အားပေး မီးလိုင်းများနှင့် မလွတ်သည့် သစ်ပင် များရှင်းလင်း

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ မိုးတွင်းကာလ ၁၁ ကေဗွီ ရေစကြို ဓာတ်အားလိုင်းအား ပခန်းကြီးခွဲရုံးမှ ကြီးကံကျေးရွာကြားတွင် လျှပ်စစ်ဓာတ်အားပေးဆောင်ရွက် ထားသည့် ဓာတ်အားလိုင်းနှင့် မလွတ်သည့် သစ်ပင်၊ သစ်ကိုင်းများအား မြို့နယ်လျှပ်စစ်အင်ဂျင် နီယာရုံးမှ မီးလိုင်းထိန်းသိမ်းရေး ဝန်ထမ်းများက ရပ်ရွာနေပြည်သူများ မီးအားအပြည့် အဝရရှိရေး ခုတ်ထွင် ရှင်းလင်း ပြုပြင်ဆောင်ရွက်ပေးလျက်ရှိသည်။ 

ပြည်မြို့ ပညာရေးဒီဂရီ‌ကောလိပ်၌ "မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ" ကျင်းပ

ကျောင်းဝန်းများအတွင်း သစ်ပင်စိုက်ပျိုးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများသဘာဝကို ချစ်ခင်မြတ်နိုးလာစေရန်၊ အနာဂတ်မျိုးဆက်သစ်များအတွက် သစ်တော သစ်ပင် များဖြင့် စိမ်းလန်းစိုပြည်သော သဘာဝပတ်ဝန်းကျင် အိုအေစစ်များအဖြစ် ပြောင်းလဲလာစေရန်နှင့် ကျောင်းဝန်းအတွင်း အရိပ်ရရှိစေရန် ရည်ရွယ်ချက်တို့ဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်သစ်တောဦးစီးဌာနမှကြီးမှူး၍ ပြည်မြို့နယ်တီတွတ် ကျေးရွာအနီးရှိ ပညာရေးဒီဂရီကောလိပ်၌ ယနေ့နံနက်ပိုင်းက "မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ" ကျင်းပပြု လုပ်သည်။
Subscribe to