ရေဖြူမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သံဂဟေဆက်သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ဘဝမြှင့်မားရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ ကိုယ်ပိုင်လုပ်ငန်းဖြင့် မိသားစုအား တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရှာဖွေနိုင်ရန် ရည်ရွယ်၍ ဇွန်လ(၄)ရက်မှ (၁၉)ရက်နေ့အထိဖွင့်လှစ်ခဲ့ပြီး ယမန်နေ့နံနက် ၁၀ နာရီအချိန်က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သံဂဟေဆက် သင်တန်းဆင်းပွဲအခမ်းအနားကို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။