မိုးကုတ်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်း စကားလက်ကမ်းစာစောင်များဖြန့်ဝေ
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က(၁)ကျောင်းနှင့် မြို့မရပ်ကွက်တို့တွင် ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။