မိုင်းငေါ့မြို့တွင် (Mobile) စနစ်ဖြင့် အခြေခံပညာကျောင်းများသို့ စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသနေပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊‌ ကျောင်းသား၊ ကျောင်းသူများအား အလွယ်တကူ စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် ယနေ့နံနက် (၁၀) နာရီအချိန်က တာလုံရပ်ကွက် အ.မ.က ကျောင်းသို့ (Mobile Library) ကွင်းဆင်းသွားရောက်၍ စာအုပ်များ ငှားရမ်းပေးခဲ့သည်။

ဟိုပုံးမြို့နယ်၌ ကျေးလက်ဒေသအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆိုင်ရာ တွေ့ဆုံဆွေးနွေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဟိုပုံးမြို့နယ်တွင် ကျေးလက်ဒေသအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က တိလုံကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာတွင် ပြုလုပ်သည်။

မရမ်းကုန်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာ​စောင်ပြပွဲ​ဆောင်ရွက်

ဇွန်လ ၂၆ရက်​နေ့တွင်ကျ​ရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာ​စောင်ပြပွဲကို ယနေ့မွန်းလွဲ၁း၀၀နာရီက ရန်ကုန်တိုင်း​​ဒေသကြီး၊ မရမ်းကုန်းမြို့နယ် အမှတ် (၄)အ​ခြေခံပညာအလယ်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ငါ့သရောက်မြို့၌အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များခင်းကျင်းပြသခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ (အ.ထ.က) ကျောင်းတွင်ယနေ့နံနက် ၉ နာရီအချိန်က ငါ့သရောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများသိရှိစေရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျတ်ရေးနေ့အထိမ်းအမှတ် ​အသိပညာပေးနံရံကပ်စာစောင်များ ခင်းကျင်းပြသခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး သစ်စိမ်းမြေဩဇာ ထယ်ထိုးမြေမြှုပ် ကွင်းသရုပ်ပြပွဲ အခမ်းအနားတက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ထန်းတပင်ကျေးရွာတွင် သစ်စိမ်းမြေဩဇာ ထယ်ထိုးမြေမြှုပ် ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် တောင်သူဦးနိုင်ကြီး၏ ကွင်းအမှတ် ၁၈၁၄ ရှိ ပိုက်ဆံလျှော် ၁၀ ဧက စိုက်ခင်း၌ ကျင်းပသည်။

မိုင်းခတ်မြို့နယ်၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Sinopharm) ‌ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးအန္တရာယ်ကို အတူလက်တွဲပူးပေါင်း တိုက်ဖျက်ကြပါစို့

မူးယစ်ဆေးဝါးပြဿနာသည် လူသားများ၏ ပြဿနာ ဟူသောဆောင်ပုဒ်ကို ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက ပြဌာန်းခဲ့သည်။ ဆက်လက်ပြီး ကမ္ဘာ့ပြဿနာမူးယစ်ဆေး တစ်ကမ္ဘာလုံးက တိုက်ဖျက်ပေး ဟူသောဆောင်ပုဒ်ကို ထုတ်ပြန်ခဲ့ပြီး ဖွံ့ဖြိုးပြီးနိုင်ငံ၊ ဖွံ့ဖြိုးဆဲနိုင်ငံနှင့် မဖွံ့ဖြိုးသေးသောနိုင်ငံများကို မူးယစ်ဆေးဝါး၏ အန္တရာယ်အား ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက တပ်လှန့်သတိပေးနှိုးဆော်ခဲ့သည်။

မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးကိရိယာများလှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးကိရိယာများကို နေပြည်တော်မြို့နေ ဦးညီထွန်းနှင့် ဒေါ်နန်းကြာယုံမိသားစုတို့မှ ယမန်နေ့က လှူဒါန်းခဲ့ကြောင်း သိရသည်။

အ.ထ.က(ပေါက်တော)တွင် ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်ပေးခြင်း အခမဲ့ဆောင်ရွက်

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့် ဒေသများရှိဒေသခံများအား ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများပေးနိုင်ရန်အတွက် မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များ ၊ဆေးမှူးများ၊ သူနာပြုများသည်  ယမန်နေ့က ပေါက်တောမြို့နယ် ငဝက်စွယ်ကျေးရွာနှင့် ဟင်းခရော်ကျေးရွာများတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးဌာနဆိုင်ရာများ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုး

ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့မှဦးဆောင်၍ ဌာနဆိုင်ရာများ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ လှော်ကားရေဝေရေလဲဒေသ၌ ကျင်းပရာ
Subscribe to