ဟင်္သာတမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဇွန်လ(၂၆)ရက် နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေး‌နေ့ အထိမ်းအမှတ်(အကြို) လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀) နာရီ အချိန်က ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဥတ္တရသီရိမြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းစဉ်များအား ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများအား ကွင်းဆင်းဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဥတ္တရသီရိမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းစဉ်များကို ဇွန် ၈ ရက်နေ့ နံနက်ပိုင်းမှ စတင်ကောက်ယူလျက်ရှိ​ကြောင်း သိရသည်။

မက်မန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများ မူယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် လူငယ်များ ပျက်စီးဆုံးရှုံးမှုများ မဖြစ်စေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို သတင်းစကားလက်ကမ်းစာစောင်ကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသားကျောင်းသူများ လက်ဝယ်အရောက် သွားရောက်ဖြန့်ဝေပေးခဲ့သည်။

မက်မန်းမြို့၌ တောင်ယာမိုးစပါးများ အောင်မြင်စွာ စိုက်ပျိုးဖြစ်ထွန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်ရှိ ဒေသခံတောင်သူလယ်သမားများ၏ တောင်ယာမိုးစပါးများစိုက်ပျိုးရာ တောင်ယာစပါးသီးနှံများ ဖြစ်ထွန်းအောင်မြင်လျက်ရှိသည်။

ပုဏ္ဏားကျွန်းမြို့၌ ကျောင်းပတ်ဝန်းကျင်များသန့်ရှင်းသာယာလှပရေးအတွက် တပ်မတော်မှ နယ်မြေ ခံလုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကျောင်းပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပစေရေးအတွက် ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ အခြေခံပညာအထက် တန်းကျောင်းခြံဝင်း၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပြိုပျက်ခဲ့သော အဆောက်အဦးအပိုင်းအစများ၊ ကျိုးပဲ့ကျန်နေသည့် သစ်ကိုင်း၊ သစ်ရွက်များနှင့်ခြုံနွယ်များအား တပ်မတော်မှ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။

မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် လျှပ်စစ်မီးပြတ်တောက်ခဲ့ရသည့် ကျောက်တော်မြို့ လျှပ်စစ်မီးပြန်ရပြီ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၌ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် "မိုခါ" ​ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပြတ်တောက်သွားသော လျှပ်စစ်မီးများ ဇွန်လ ၁၈ ရက်နေ့က မြို့ပေါ်ရပ်ကွက်များတွင် ပြန်လည်ရရှိပြီဖြစ်သည်။

မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့မှ ဗိုလ်မှူးချုပ်အောင်သူဦး ကျောက်တော်မြို့နယ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သောပစ္စည်းများပေးအပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှထောက်ပံ့သော ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နေ့လယ် ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကစ္ဆပနဒီခန်းမ၌ ကျင်းပပြုလုပ်သည်။

ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကရင်ထည်ရက်ကန်းလုပ်ကိုင်သူများ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများအား တွေ့ဆုံအားပေး

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာ၊ ပအိုဝ်းစု အထက်ပိုင်းရှိ ကရင်ရိုးရာရက်ကန်း လုပ်ကိုင်သူ လုပ်ငန်းရှင်များအား တွေ့ဆုံအားပေး၍ ကရင်ထည်ရက်ကန်းရက်လုပ်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

၂၀၂၃ ခုနှစ်၊ နှစ်ဝက်အတွင်း လောကနန္ဒာဘေးမဲ့တောဥယျာဉ်ရှိ ကြယ်လိပ်ကောင်ရေ ၂၁၀၀ ကျော် ပေါက်ဖွား

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့ရှိ သစ်တောဦးစီးဌာန၊ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်တွင် မြန်မာ့ကြယ်လိပ်များအား ခြံလှောင်မွေးမြူထားရှိရာ ၂၀၂၃ ခုနှစ်၊ နှစ်ဝက်အတွင်း အကောင်ရေ ၂၁၀၀ ကျော် ပေါက်ဖွားခဲ့ကြောင်းသိရသည်။

ရွှေပြည်သာမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ် အမှတ် (၆) ရပ်ကွက် မြို့ဦး စေတီတော်ကြီးဝင်းအတွင်း၌ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့သည်။
Subscribe to