ပိုင်ကျုံ ဇွန် ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အ-ထ-ကပိုင်ကျုံကျောင်း၌ ၂၀၂၃ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ကို ကြိုဆိုသောအားဖြင့် ယနေ့နံနက်ပိုင်းက စာစီ စာကုံးပြိုင်ပွဲ ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် အ-ထ-ကပိုင်ကျုံကျောင်းအုပ်ဆရာမကြီးက စာစီစာကုံးပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး စာစီစာကုံးပြိုင်ပွဲတွင် ပိုင်ကျုံ အ-ထ-ကကျောင်းမှ ကျောင်းသား/သူ(၃၀)ဦးတို့မှ မူးယစ်ကင်းစင်တို့ ပြည်တခွင် သာယာလှပလူမှုဘဝ ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အ-ထ-ကပိုင်ကျုံကျောင်းတွင် ပညာလေ့လာသင်ယူနေသည့် ကျောင်းသား/သူများအား ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် အားကစားပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲများနှင့် ပန်းချီပြိုင်ပွဲတို့အပြင် အသိပညာပေး ဟောပြောပွဲများကို လည်း ဆရာ/မများတို့မှ အသိပညာပေးဟောပြောပွဲကိုလည်း လစဉ်ဆွေးနွေးဟောပြောလျက်ရှိ ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)