အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show နှင့် နံရံကပ်ပြဘုတ်ပြသ ဆောင်ရွက်
ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နေလည်ပိုင်းအချိန်က မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အသိပညာပေး Talk Show အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြု့ရုံး လူထုအခြေပြုဗဟိုဌာန Community Center တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။