ကလေး ဇွန် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် မျိုးစေ့ပေးအပ်ပွဲနှင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးနည်းပညာပေးသင်တန်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၊ အစည်း အဝေးခန်းမတွင် ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုယ်စား ဗိုလ်မှူး မျိုးသူအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်ဝင်းထွန်းက သင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများက တက်ရောက်လာ သော ဒေသခံတောင်သူများထံ မျိုးစပါးများ၊ ဓာတ်မြေဩဇာနှင့် သီးပင်စားပင်များကို ပေးအပ်ခဲ့သည်။
ထို့နောက် မိုးစပါး မျိုးစေ့ထုတ်စိုက်ပျိုးနည်းပညာ ပေးသင်တန်းကို ဆက်လက်ပြုလုပ်ခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် တာဝန်ရှိသူများက နေကြာစိုက်ပျိုး ထုတ်လုပ်ခြင်း၊ မြေဆီလွှာ တိုးတက်ကောင်းမွန်စေရန် သစ်စိမ်းမြေဩဇာ အသုံးပြုခြင်းနှင့် စားသုံးမှိုစိုက်ပျိုးထုတ်လုပ်ခြင်းများကို ဆွေးနွေးပို့ချခဲ့ရာ တက်ရောက်သူများမှ မရှင်းလင်းသည်များ ပြန်လည်ဆွေးနွေးခဲ့ကြ သည်။
အဆိုပါ သင်တန်းသို့ ဒေသခံတောင်သူများ၊ မျိုးစေ့ထုတ်တောင်သူများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း ၃၅ ဦး တက်ရောက်ခဲ့ကြောင်း သိရ သည်။ ကလေးမြို့နယ်သည် မိုးသီးနှံ၊ ဆောင်းသီးနှံ လျာအထားဧက ၃၈၈၃၆၇ တွင် ၃၈၉၈၈၇ ဧက စိုက်ပျိုးနိုင်ခဲ့သောကြောင့် ၁၀၀.၃၉ ရာခိုင်နှုန်းအထိ စိုက်ပျိုး နိုင်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)