လိပ်သို ဇွန် ၂၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့စည်ပင်သာယာရေးအဖွဲ့သည် ပြည်သူများ သွားလာသယ်ယူပို့ဆောင်မှု အဆင်ပြေ ချောမွေ့ စေရန်၊ မိုးရေတိုက်စားမှုကြောင့် လမ်းများပျက်စီးမှု မရှိစေရန် ကွန်ကရစ်လမ်းသစ်များခင်းပေးခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရန် အုတ်စီရေ မြောင်းများ၊ တံတားငယ် (Box Culvert) များ တည်ဆောက်ပေးလျက်ရှိရာ အမှတ် (၁) ရပ်ကွက် မာဒေးလမ်းပေါ်တွင် (Box Culvert) နှစ်ခုနှင့် အုတ်စီရေမြောင်း တည်ဆောက်ရေး လုပ်ငန်းများမှာ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ တည်ဆောက်ပြီးစီးသွား၍ အဆိုပါလမ်းပိုင်းတွင် မိုးတွင်းကာလ တောင်ကျရေများ လမ်းပေါ်ကျော်၍ စီးဆင်းခြင်းမရှိတော့ပဲ ရေတိုက်စားမှုကြောင့် လမ်းပခုံးသားများ ပဲ့ကျ၍ လမ်းပျက်စီးမှုမရှိအောင် ကာကွယ်ထိန်းသိမ်းနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ Box Culvert များမှာ အလျား(၁၅)ပေ၊ အနံ(၃) ပေ၊ အမြင့်(၃) ပေ၊ သံစင်(၂) ထပ်၊ ထု(Slab) (၆) လက်မရှိပြီး အရှည် (၁၅၀) ပေ၊ အကျယ် (၁.၆) ပေ၊ အမြင့်(၂) ပေရှိ အုတ်စီရေမြောင်းနှင့် တစ်ဆက်တည်း တည်ဆောက်ထားကာ ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ပေးခဲ့ကြောင်း သိရသည်။
ခင်လေးနွယ်