ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များ သက်သာ သောဈေးနှုန်းဖြင့် ရောင်းချပေး

ကျောင်းကုန်း ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ယနေ့နံနက် ၈ နာရီအချိန်ခန့်က မြို့မဈေးအနီး၌ ရောင်းချပေးခဲ့သည်။

ကျောင်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ စားဝတ်နေရေးအဆင်ပြေ ချောမွေ့စေရေးနှင့် ကုန်စျေးနှုန်း တည်ငြိမ်ကျဆင်းရေးအတွက် ရည်ရွယ်ပြီး ဆန်တစ်ပြည်လျှင် (၂၀၀၀)ကျပ်နှုန်းဖြင့် ဆန်(၁၀)အိတ်၊ ကြက်ဥတစ်လုံးလျှင် (၂၃၀)ကျပ် နှုန်းဖြင့် ကြက်ဥအလုံး(၆၀၀)၊ ဝက်သားတစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်နှုန်းဖြင့် (၁၀)ပိဿာ၊ ငါးမြစ်ချင်းတစ်ပိဿာ လျှင်(၅၀၀၀)ကျပ်နှုန်းဖြင့် ပိဿာ(၅၀)တို့အား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)