မိုးကုတ်မြို့နယ်တွင် အီလက်ထရောနစ် မှတ်ပုံတင်ဦးစီးဌာနမှ Biographic နှင့် Biometric အချက်အလက်များ ကောက်ယူပြီး Unique ID (UID) ထုတ်ပေးခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် မြို့မရပ်ကွက် မိုးလုံလေလုံ အားကစားခန်းမတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ် ဦးစီးဌာ နက e - ID စနစ်ဖြင့် နိုင်ငံအတွင်း နေထိုင်သူ တစ်ဦးချင်းစီ၏ Biographicနှင့် Biometric အချက်အလက်များ ကောက်ယူပြီး Database အတွင်း ထိန်းသိမ်းကာ ဂဏန်း (၁၀) လုံး ပါဝင်သော Unique ID (UID) နံပါတ်ပါ ကတ်ပြားများ ထုတ်ပေးခြင်းကို ဇွန်လ (၂၇)ရက်နေ့မှ စတင်၍ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။