ပိုင်ကျုံမြို့ အ.ထ.ကပိုင်ကျုံကျောင်း၌ ပညာရေးဝန်ကြီးဌာန၏ခွင့်ပြုရန်ပုံ‌ငွေဖြင့် ကျောင်းဆောင်သစ်တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ပိုင်ကျုံ  ဇွန်  ၂၈

နိုင်ငံတစ်ဝန်းရှိ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းသားလူငယ်များ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်ရည်ရွယ်ပြီး ပညာရေးဝန်ကြီးဌာနမှအခြေခံပညာကျောင်းများ တည်ဆောက်ပေးလျက်ရှိရာ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အ.ထ.က ပိုင်ကျုံကျောင်း၌ Steel Structureဖြင့် (ပေ ၁၂၀×ပေ၃၀)ရှိတစ်ထပ်ကျောင်းဆောင် သစ်တစ်လုံး တည်ဆောက်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါကျောင်း‌ဆောင်သစ်သည် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ် (၁၃၃.၂၀၀)သန်းဖြင့် ရှားမူလာကုမ္ပဏီမှ တာဝန်ရှိသူများတို့မှ ၂၀၂၂ခုနှစ်၊
 ဇွန်လမှ စတင်အကောင်အထည်ဖော်ရှိရာ၂၀၂၃ခုနှစ်၊ဇွန်လ၂၇ရက်နေ့တွင်ရာနှုန်းပြည့်ပြီးစီးဖြစ်ကြောင်းသိရသည်။
ယခုအခါ ကျောင်းဆောင်သစ်တည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီးဖြစ်၍ အ.ထ.က ပိုင်ကျုံကျောင်းတွင် ပညာလေ့လာသင်ယူနေသည့် ကျောင်းသားလူငယ်များအနေဖြင့် စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ပြီဖြစ်ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)