ဆိပ်ဖြူမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများအသီးသီး၌ တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဆိပ်ဖြူ(အ.ထ.က) နဝရတ်ခန်းမ၌ ဆောင်ရွက်သည်။

ရွှေဘိုမြို့အမှတ်(၂)အခြေခံပညာအထက်တန်း​ ကျောင်း၌ အသက်(၅)နှစ်အထက် ကျောင်းသား/ ကျောင်းသူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုမြို့အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ အသက်( ၅)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယ​နေ့နံနက်(၁၀) နာရီက  ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ငှက်ပျောပင်မှရသည့်‌လျှော်ဖြင့် ပြုလုပ်သည့် အိမ်တွင်းလက်မှုပညာသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပုသိမ်အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်း၏ ရပ်ရွာအခြေပြု ငှက်ပျောပင်ဖြင့် ပြုလုပ်သည့် လက်မှုသင်တန်း (၆/၂၀၂၃-၂၄)ကို  (၁၇-၆-၂၀၂၃) မှ (၂၆-၆-၂၀၂၃) ထိ ဖွင့်လှစ်သင်ကြားခဲ့ရာ သင်တန်းဆင်းပွဲအခမ်းအနားအား ယမန်နေ့ညနေပိုင်းက ကျင်းပသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်း၏ကိုယ်ရေးအချက်အလက်(Biographic)နှင့် ဇီဝဆိုင်ရာချက်အလက်(Biometric)ကောက်ယူခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားတစ်ဦးချင်း၏ကိုယ်ရေးအချက်အလက်(Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်ခြင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယမန်နေ့နံနက်(၁၁)နာရီမှစ၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဓမ္မစင်္ကြာနှင့် အနတ္တလက္ခဏသုတ်အလွတ်ရွတ်ဖတ်ပူဇော်ပြိုင်ပွဲနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဓမ္မစင်္ကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဖတ်ပူဇော်ပြိုင်ပွဲနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျိုင်းတုံမြို့၊ ပြည်နယ်အစိုးရအဖွဲ့ခေမရဋ္ဌ်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဖားကန့်မြို့၌ (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ဖားကန့်မြို့ အခြေခံပညာအထက်တန်းကျောင်း ဥရုရတနာခန်းမဆောင်၌ ကျင်းပသည်။

ကျိုက်လတ်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)တွင် ယမန်နေ့နံနက် (၉)နာရီခွဲက သဘာဝဘေးအသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
Subscribe to