မအီမြို့ပေါ် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု မရှိစေရေးအတွက် တောင်ကုတ်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအဖွဲ့နှင့် မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မအီမြို့ပေါ်ရပ်ကွက်များ၌ ကွင်းဆင်းပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မအူပင်မြို့၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများထံရောင်းချ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာ စွာဖြင့်ပြည်သူများထံ ရောင်းချခြင်းအား ယမန်နေ့နံနက်ပိုင်းက အမှတ်(၅)ရပ်ကွက်၊ လွတ်လပ်ရေးကျောက် တိုင်ကွင်းရှေ့ (ကမ်းနားလမ်း)တွင် ရောင်းချခဲ့သည်။

ကန့်ဘလူမြို့၌ စားသောက်ကုန်များ ရောင်းချပေးပြီး အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး  ကန့်ဘလူမြို့တွင် ရပ်ကွက်နေပြည်သူများ၏ နေ့စဥ်လူနေမှုဘဝ စားသောက်ရေးတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ စားသောက်ကုန်များကို ပြင်ပစျေး နှုန်းများထက်လျော့ချကာ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်ဆောင်ရွက်မှုဖြင့် ဇွန် ၂၈ ရက်နံနက် ၇ နာရီက စည်ပင်သာယာခန်းမ၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မိုင်းငေါ့မြို့ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာစောင်များ လာရောက်ငှားရမ်း၊ ဖတ်ရှု

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ဒေသခံပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် စာအုပ်/စာစောင်များ ငှားရမ်းပေးရာ နေ့စဉ်စာကြည့်တိုက်တွင် လာရောက်  ငှားရမ်းဖတ်ရှုသူ များပြားလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေး ဘက်စုံသီးနှံ ပိုးမွှား၊ ရောဂါကာကွယ်ရေး နည်းပညာပေးသင်တန်းဖွင့်

စစ်ကိုင်းမြို့တွင် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေး ဘက်စုံသီးနှံပိုးမွှား၊ ရောဂါကာကွယ်ရေး ဝန်ထမ်းတောင်သူ နည်းပညာပေးသင်တန်းကို ဇွန်(၂၇)ရက်၊ နံနက်(၁၀)နာရီက ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ မြတ်ဇေယျာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုလဲမြို့၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ အခြေခံပညာအထက်တန်းကျောင်းဝန်း၌ ရာသီ ဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ် လျော့ပါးလာပြီး မိုးခေါင်ရေရှားမှုနှင့် အပူဒဏ် ကာကွယ်ရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ပြည်သူများမှ သစ်တောသစ်ပင်များ၏ တန်ဖိုးအား သိရှိနားလည်မြတ်နိုးသည့် စိတ်ဓာတ်များ ဖြစ်ပေါ်လာ၍ သစ်ပင်စိုက်ပျိုးခြင်းဖြင့် သစ်တောပြုစု ထိန်းသိမ်းခြင်းလုပ်ငန်းများအား  ပိုမိုပူးပေါင်းဆောင်ရွက်လာစေရန်    ရည်ရွယ်၍   မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၉နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့တွင် အသက် (၅)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကင်းစင်၍ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အသက်(၅)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉:၃၀) နာရီက အခြေခံပညာ အထက်တန်းကျောင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ပုလောမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးအတွက် တစ်အိမ်တက်ဆင်း ဖုံး၊ သွန် ၊ လဲ ၊ စစ် လုပ်ငန်းများနှင့် ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးအတွက် ဖုံး ၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ယမန်နေ့ ညနေပိုင်း ပုလောမြို့  အမှတ်(၂) ရပ်ကွက်နေအိမ်များတွင် တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း  သိရသည်။
Subscribe to