(၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှ လက်ရည်စစ် တင်းနစ်ပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့သည့် ပဲခူးတိုင်းဒေသကြီးမှ နိုင်ငံ့လက်ရွေးစင် အားကစားသမားများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့မှ ထပ်ဆင့်ဂုဏ်ပြု
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက (၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှ လက်ရည်စစ် တင်းနစ်ပြိုင်ပွဲတွင် ဆုတံဆိပ်များ ရရှိခဲ့သည့် ပဲခူးတိုင်းဒေသကြီးမှ နိုင်ငံ့လက်ရွေးစင်အားကစားသမားများအား ထပ်ဆင့်ဂုဏ်ပြုခြင်းအခမ်းအနား ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။