လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက် ၅ နှစ်နှင့် ၁၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူ ၂၉၅၀ ဦးအား ကိုဗစ်ကာကွယ်ဆေးထိုးနှံ

လယ်ဝေး ဇွန် ၂၈

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယမန်နေ့မှ စတင်ထိုးနှံလျက်ရှိသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများအား ယနေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ KG တန်း အသက် ၅ နှစ်အရွယ်ကျောင်းသားကျောင်းသူလေးများအား ပထမ အကြိမ် ကာကွယ်ဆေး၊ အသက်၁၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသားကျောင်းသူများအား Booster Second Dose ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။

ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးနောက် ခေတ္တစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခြင်း တို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများကို KG ကျောင်းသားကျောင်းသူ ၄၄၇ ဦးနှင့် ၁၂ နှစ်မှ ၁၈ နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူ၂၅၀၃ ဦးတို့အား ထိုးနှံပေးခဲ့ပြီး ဆက်လက်ထိုးနှံ သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)