ညောင်တုန်းမြို့နယ်တွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြကို ယနေ့နံနက်ပိုင်းက ဆားမလောက်ကျေးရွာ၊ ကွင်းအမှတ်(၃၈၂)၊ ဦးပိုင်အမှတ်(၁၅၄/၁)ရှိ တောင်သူ ဦး‌ကျင်လှိုင်နှင့် တောင်သူ (၆)ဦးတို့၏ လယ်မြေ(၅၀)ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။

မအီမြို့တွင် အသက် ၅ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း( Booster dose)ထိုးနှံ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက် ၅ နှစ်နှင့် အထက် ကျောင်းသူ၊ ကျောင်းသားများအား ကိုဗစ်- ၁၉ရောဂါ  ထပ်ဆောင်း(Booster dose) ကာကွယ်ဆး ထိုးနှံပေးခြင်းကို ကျော်ကိုင်းကျေးရွာအုပ်စုနှင့် ကျောက်ဝေကျေးရွာ အုပ်စု အခြေခံပညာကျောင်းများတွင် စုရပ်ထားရှိ၍ ဇွန်လ(၂၆)ရက်နေ့က ကွင်းဆင်းထိုးနှံခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ် ပြန်/ဆက်ဝန်ထမ်းများက နယ်လှည့်ကွင်းဆင်း၍ သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေး

သုတ/ရသ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပုလောမြို့နယ် ပြည်သူ့စာကြည့်တိုက်ကို လာရောက်ငှားရမ်းဖတ်ရှုနိုင်ခြင်း မရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေစွာဖြင့် စာပေကိုလေ့လာဖတ်ရှုနိုင်ရေးနှင့် စာဖတ်ရှိန် တိုးတက်လာစေရေးကို မျှော်တွေး၍ ယနေ့နံနက် ၁၀ နာရီအချိန်က ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်း မိသားစုများကို သွားရောက် ၍ သုတ/ရသစာအုပ် စာစောင်များကို နယ်လှည့် ကွင်းဆင်း ၍ ကွင်းဆင်း ငှားရမ်း ဆောင်ရွက်ပေးခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်း လုပ်ငန်းအား ကျေးရွာ(၇)ရွာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပွင့်ဖြူမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာ(၇)တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲနှင့်အရှေ့တောင်အာရှ လက်ရည်စစ်တင်းနစ်ပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့သည့် ပဲခူးတိုင်းဒေသကြီးမှ နိုင်ငံ့လက်ရွေးစင် အားကစားသမားများအား ထပ်ဆင့်ဂုဏ်ပြုပွဲကျင်းပ

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက (၁၂)ကြိမ်မြောက်အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှလက်ရည်စစ်တင်းနစ်ပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့သည့် တိုင်းဒေသကြီးမှ နိုင်ငံ့လက်ရွေးစင်အားကစားသမားများအား ထပ်ဆင့်ဂုဏ်ပြုပွဲကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက
Subscribe to