စစ်ကိုင်း ဇွန် ၂၈
စစ်ကိုင်းမြို့တွင် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေး ဘက်စုံသီးနှံပိုးမွှား၊ ရောဂါကာကွယ်ရေး ဝန်ထမ်းတောင်သူ နည်းပညာပေးသင်တန်းကို ဇွန်(၂၇)ရက်၊ နံနက်(၁၀)နာရီက ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ မြတ်ဇေယျာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ကိုင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယခရိုင်စိုက်ပျိုးရေးဦးစီးမှူးက စိုက်ပျိုး ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ထမ်းနဲ့တောင်သူတွေကို ဘက်စုံသီးနှံများ ပိုးမွှား၊ ရောဂါကာ ကွယ်နိုင်ရေး နည်းပညာပေးသင်တန်းမှာ စိတ်ဝင်စားစွာ လေ့လာမှတ်သားပြီး လက်တွေ့စိုက်ပျိုးလုပ် ကိုင်သွားကြဖို့လိုကြောင်း၊ တောင်သူများအနေဖြင့်လည်း စတင်စိုက်ပျိုးရာတွင် မျိုးကောင်း၊ မျိုးသန့် သီးနှံများရှာဖွေစိုက်ပျိုးသွားကြရန်နှင့် ဌာနအနေဖြင့် မျိုးကောင်း၊ မျိုးသန့်သီးနှံများ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး စစ်ကိုင်းခရိုင် (သီးနှံကာကွယ်ရေးတာဝန်ခံ) ဦးဌေးအောင်က ဘက်စုံးသီးနှံ ပိုးမွှား၊ ရောဂါကာကွယ်ရေး ခေါင်းစည်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး(တိုင်း သီးနှံကာကွယ်ရေးတာဝန်ခံ) ဦးမြင့်လွင်က Aflatoxin မှိုအဆိပ်နှင့်ထိန်းချုပ်ကာကွယ် နှိမ်နင်းနည်းများကို လည်းကောင်း အသီးသီး ဆွေးနွေးပို့ချပေးခဲ့ကြသည်။
အဆိုပါသင်တန်းသို့ ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေး တိုက်နယ်တာဝန်ခံများ၊ ကျေးရွာတောင်သူများတက်ရောက်ခဲ့ကြပြီး သင်တန်းကို တစ်ရက်တာ နည်းပညာများ ပိုချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်း ခရိုင် (ပြန်/ဆက်)