မအူပင် ဇွန် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာ စွာဖြင့်ပြည်သူများထံ ရောင်းချခြင်းအား ယမန်နေ့နံနက်ပိုင်းက အမှတ်(၅)ရပ်ကွက်၊ လွတ်လပ်ရေးကျောက် တိုင်ကွင်းရှေ့ (ကမ်းနားလမ်း)တွင် ရောင်းချခဲ့သည်။
ထိုသို့ရောင်းချရာတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ငါး၊ အမဲသား၊ ကြက်ဥ၊ ဘဲဥနှင့် ဟင်းသီးဟင်းရွက်အစုံတို့အား ရောင်းချခဲ့ရာ ဆန်တစ်ပြည် (၂၅၀၀/-)ကျပ်နှုန်းဖြင့် ဆန် (၁၀)အိတ်အား လည်းကောင်း၊ ဆီ(၁)ပိဿာ (၄၃၀၀/-)ကျပ်နှုန်းဖြင့် (၃၀၀)ပိဿာအား လည်းကောင်း၊ ငါး(၁)ပိဿာ (၆၀၀၀/-)ကျပ်နှုန်းဖြင့် (၂၀)ပိဿာအားလည်းကောင်း၊ အမဲသား(၁)ပိဿာ (၁၄၀၀၀/-)ကျပ် နှုန်းဖြင့် (၂၀)ပိဿာအားလည်းကောင်း၊ ဘဲဥတစ်လုံး (၂၅၀/-)ကျပ်နှုန်းဖြင့် (၃၀၀)လုံးအားလည်းကောင်း၊ ကြက်ဥတစ်လုံး(၂၅၀/-)ကျပ်နှုန်းဖြင့် (၅၀၀)လုံးနှင့် ဟင်းသီးဟင်းရွက်အစုံ (၁၅၀၀၀၀/-)ကျပ်ဖိုးခန့်အား ပြည်သူများထံသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။
အဆိုပါရောင်းချရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးနိုင်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှု့အားပေးခဲ့ကြကြောင်းသိရသည်။
မအူပင်ခရိုင်(ပြန်/ဆက်)