ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပလတ်စတစ်ညစ်ညမ်းမှု ထိန်းသိမ်းကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍနှင့် ပတ်သက်သည့် ပလတ်စတစ် ညစ်ညမ်းမှု ထိန်းသိမ်းကာကွယ်ရေး အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲပိုင်းက ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်သည်။

နောင်ချိုမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ Unit Plan ကျေးရွာများသို့ တောင်သူပညာပေးကွင်းဆင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)‌၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ Unit Plan ကျေးရွာများသို့ တောင်သူပညာပေးကွင်းဆင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်နေပြည်သူများ၏ ကိုယ်ရေးအချက်အလက်များ (Biographic Data)နှင့် ဇီဝအချက်အလက်များ (Biometric Data) စာရင်းကောက်ယူခြင်း ဆက်လက်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်နေပြည်သူများ၏ နိုင်ငံသားတစ်ဦးချင်းစီ ကိုယ်ရေးအချက်အလက်များ (Biographic Data)နှင့် ဇီဝအချက်အလက်များ (Biometric Data) ဆက်လက်ကောက်ယူခြင်းကို

ကြံခင်းမြို့တွင် မိုးစပါးအထွက်နှုန်း တိုးတက်ထွက်ရှိရေး (ပိုက်ဆံလျှော်)ထည့်သွင်းခြင်း အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မိုးစပါးအထွက်နှုန်း တိုးတက်ထွက်ရှိစေရေးအတွက် ယနေ့နံနက် (၈)နာရီခွဲအချိန်က ကြံခင်းမြို့နယ်၊ ဇီးပင်ကွင်း ကျေးရွာအုပ်စု၊ တောင်သူဦးဝင်းနိုင်၏ ကွင်းအမှတ်(၇၀)၊ ဦးပိုင်အမှတ်(၁၂၁)ရှိ လယ်မြေ (၃.၀၀) ဧကအတွင်း ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့၌  ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်ခင်နှင်းရီနှင့် ဝန်ထမ်းများက  မျိုးဆက်သစ် ကျောင်းသား/သူများ အသိပညာဗဟုသုတ ရရှိစေပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့ အမှတ်(၈) အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန်မြင့်မားရေးအသိပညာပေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to