ပေါက်ခေါင်း ဇူလိုင် ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေလာစေရန်၊ ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိရန်၊ သစ်တောပြုန်းတီးမှု မဖြစ်ပေါ်စေရန်နှင့် ကာကွယ်ထိန်းသိမ်းနိုင်စေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၉ နာရီက သဖန်းချိုကျေးရွာ ကန်ကုန်းဘုန်းတော်ကြီးကျောင်းဝန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စိုက်ပျိုးမည့်ပျိုးပင်များအား မြို့နယ်သစ်တောဦးစီးအရာရှိ ဦးနေမျိုဝင်းက ဌာနဆိုင်ရာတာဝန်ရှိသူများအား ပေးအပ်ခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့်အဖွဲ့ဝင်များ၊ နယ်မြေလုံခြုံရေး တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ ကျွန်းပင်(၃၀၀)၊ ပျဉ်းကတိုး(၂၀)၊ ပိတောက်(၃၀)၊ ယမနေ (၂၀)၊ စိန်ပန်း(၁၀)၊ ပျဉ်းမ(၂၀)၊ ပုန်းညက်(၂၀)၊ မယ်ဇယ်(၂၀)၊ ဗန်ဒါ(၂၀)၊ ယင်းမာ(၂၀)နှင့် သပြေ(၂၀) စုစုပေါင်းပျိုးပင်(၅၀၀)တို့အား မြို့နယ်သစ်တောဦးစီးဌာနဦးစီးအရာရှိ ဦးနေမျိုးဝင်းနှင့် သစ်တော ဝန်ထမ်းများက ဦးဆောင်၍ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ ထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်၍ ဒေသအပူချိန်လျော့ချနိုင်ရန် ရည်ရွယ်စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်ဆက်)