ကျိုက်လတ်မြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား (Biometric Data) ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်းများဆောင်ရွက်

ကျိုက်လတ် ဇူလိုင် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျိုက်လတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ သွားရောက်၍ ယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ဇီဝဆိုင် ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များက သွားရောက်၍ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ဇီဝဆိုင်ရာအချက် အလက် (Biometric Data) ကောက်ယူမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးထွန်းဆွေက (Biometric Data) ကောက်ယူနေမှု အခြေအနေများအား ရှင်းလင်း တင်ပြခဲ့သည်။ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် နိုင်ငံအတွင်းနေထိုင်သူ အသက်(၁၀)နှစ်နှင့် အထက် နိုင်ငံသားတို့၏ ကိုယ်ရေးအချက်အလက် (Biographic Data) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric Data)များ ကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း(၁၀) လုံးပါဝင်သည့် Unique ID နံပါတ်များ သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယနေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စီမံကိန်း၊ ဥပဒေ၊ တရားရေး၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် စသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု (၁၂၀)ဦးတို့အား အချက်အလက်များ ကောက်ယူသွားမည်ဖြစ်ပြီး ကျန်ရှိနေသေးသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၏ အချက်အလက်များ ကို ဆက်လက်ကောက်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျိုက်လတ်(ပြန်/ဆက်)