သံတွဲမြို့ အ.ထ.က (၁)ကျောင်း၌ အသက် ၁၂ နှစ်မှ ၁၅ နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ် - ၁၉ အပိုဆောင်းကာကွယ်ဆေး ထိုးနှံ

သံတွဲ ဇူလိုင် ၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့တွင် အသက် ၁၂ နှစ်မှ ၁၅ နှစ်အတွင်း ကျောင်းသား/ ကျောင်းသူများအား ကိုဗစ် - ၁၉ အပိုဆောင်းကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ယနေ့ နံနက် (၁၀)နာရီမှစ၍ အ.ထ.က(၁)ကျောင်းတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်ကာကွယ်ဆေးထိုးနှံရာတွင် အသက် ၅ နှစ်ပြည့်ပြီး ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသော အ.ထ.က(၁)ကျောင်းမှ အသက် ၁၂ နှစ်မှ ၁၅ နှစ်အတွင်း ကျောင်းသား/ ကျောင်းသူ (၄၉၁) ဦးအား ကိုဗစ်အပိုဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

နေမျိုးအောင်၊ လဲ့လဲ့ဝင်း