သန်လျင် အထွေထွေရောဂါကုဆေးရုံကြီးသို့ အောက်ဆီဂျင်အိုးများလှူဒါန်း

သန်လျင် ဇူလိုင် ၃

သန်လျင်ခရိုင်၊ သန်လျင်မြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် တက်ရောက် ဆေးဝါးကုသမှုခံယူနေရသော လူနာများအသုံးပြုနိုင်ရန် အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီတွင် အဆိုပါဆေးရုံကြီးခန်းမဆောင်၌ ကျင်းပသည်။

ရှေးဦးစွာ သန်လျင်အထွေထွေရောဂါ ကုဆေးရုံကြီးကြပ်ရေးကော်မတီဝင် ဦးတင်ဝင်းက အမှာစကားပြောကြားပြီး အလှူရှင်ဦးစိုးမိုးက လှူဒါန်းရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် သန်လျင်မြို့နေ ဦးစိုးမိုးနှင့်ဒေါ်ပွင့်သီရိဝေ (သမီး)မပိုးဥ (7-Star Hotel) မိသားစုက အောက်ဆီဂျင်အိုး(၅၁)လုံး ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာချိုချိုလွင်နှင့် အထုးကုဆရာဝန်ကြီးများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။

အလှူရှင်မိသားစုသည် ညနေပိုင်းတွင် သန်လျင်မြို့ မြို့မတောင်ရပ်ကွက် နာရေးကူညီမှုအသင်းနှင့် သောက်တော်တွင်းရပ်ကွက် နာရေးကူညီမှုအသင်းများသို့ အောက်ဆီဂျင်အိုး(၅)လုံးစီ လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်ဆက်)