မြောက်ဦး ဇူလိုင် ၃
မြောက်ဦးမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် (၁၀) နာရီခွဲအချိန်က မြောက်ဦးမြို့၊ မြို့တော်ခန်းမတွင် ရောက်ရှိနေသော မုန်တိုင်းသင့်ပြည်သူများအား ထောက်ပံ့မည့် ဆန်အိတ်များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြောက်ဦးမြို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် မြောက်ဦးမြို့၊ မြို့တော်ခန်းမတွင် ရောက်ရှိနေသော မုန်တိုင်းသင့်ပြည်သူများအား ထောက်ပံ့မည့် ဆန်အိတ် (၁၀၂၇) အိတ်ကို စစ်ဆေးကြည့်ရှုခဲ့ကြပြီး မုန်တိုင်းသင့်ပြည်သူများ လက်ဝယ်အရောက် အမြန်ဆုံးဖြန့်ဖြူးပေးနိုင်ရေး လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)