မြန်အောင်မြို့နယ်၌  တက္ကသိုလ်ကျောင်းသား/ကျောင်းသူများ ကြိုတင်ဆန္ဒမဲများပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မြန်အောင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ၊အုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌  နိုဝင်ဘာ ၁၇ ရက်မှစ၍ တက္ကသိုလ်ကျောင်းသား/ကျောင်းသူများ ကြိုတင်ဆန္ဒမဲများပေးလျက်ရှိရာ ယမန်နေ့အထိ (၃၃၆) ဦး ကြိုတင်ဆန္ဒမဲပေးပြီးကြောင်းသိရသည်။

သီပေါမြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်လူဦးရေစာရင်းများ ထုတ်ပြန်ကြေညာ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းအသိပေးထုတ်ပြန်ကြေညာခြင်းကို ယနေ့နံနက်ပိုင်းကစတင်၍ မြို့နယ်အတွင်းရပ်ကွက်/ကျေးရွာများရှိ သတ်မှတ်နေရာများတွင် ထုတ်ပြန်ကြေညာပေးထားရာ ဒေသခံပြည်သူများ စိတ်ဝင်တစား လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နောင်ချိုမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများတွင် ဒုတိယအကြိမ်မဲစာရင်းများ ကြေညာ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကို ယနေ့နံနက် ၇ နာရီအချိန်မှစတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာများတွင် ဒုတိယအကြိမ် ကပ်ထားကြေညာပေးထားကြောင်း သိရသည်။

ကော့မှူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများအား ယနေ့နံနက် ၆ အချိန်မှစတင်၍ ရပ်ကွက်(၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၅)အုပ်စု‌၊ စုစု‌ပေါင်း(၆၂)တို့ရှိ အုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာထားရာ‌ ရပ်ကွက်/ကျေးရွာနေပြည်သူများ လာရောက်ကြည့်ရှု‌နေကြကြောင်း သိရသည်။

သထုံမြို့နယ်၌ ဆီထွက်သီးနှံနေကြာစိုက်ပျိုးမည့် တောင်သူများထံ မျိုးစေ့များထောက်ပံ့ပေးအပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးကြမည့် တောင်သူများထံ မျိုးစေ့များထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက လိပ်အင်းရပ်ကွက်ရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆီဆိုင်မြိုနယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြိုနယ်တွင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြပွဲကို နိုဝင်ဘာ ၂၀ ရက် နံနက်(၁၀)နာရီက လွယ်ဆံဆစ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ဆောင်ရွက်သည်။ 
Subscribe to