သဲကုန်းမြို့နယ်တွင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် အသင်းအဖွဲ့များ ခိုင်မာအားကောင်းစေရန် နည်းပညာဖြန့်ဖြူးခြင်းနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်ခရိုင်၊ သဲကုန်းမြို့နယ်တွင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် အသင်းအဖွဲ့များ ခိုင်မာအားကောင်းစေရန် နည်းပညာဖြန့်ဖြူးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ (၁၇) ရက်နေ့က ခေတ်မီစံပြကျေးရွာထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (Smart Village) အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၊ ကြို့ရပ်သာကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။