မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၃၆)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားတက်ရောက်

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်နေ့တွင် ကျရောက်သည့် (၃၆) နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာအခမ်းနားကို မော်လမြိုင်မြို့၊ အမှတ် (၂) မူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်လေးများက နိုင်ငံတကာရင်သွေးငယ်များ “တေးသီချင်းဖြင့် ကပြဖျော်ဖြေ ဖွင့်လှစ်ခဲ့ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီက ဦးဆောင်ပြီး ကလေးသူငယ်အခွင့်အရေးများ အပြည့်အဝရရှိနိုင်စေရေးနှင့် ကာကွယ်စောင့်ရှောက်မှုပြုနိုင်ရေးအတွက် ကလေးသူငယ်အရေးကိစ္စအရပ်ရပ်များကို အရပ်ဖက်လူမှုအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးသူငယ်ဥပဒေပါကလေးသူငယ် အခွင့်အရေးများကို ကလေးသူငယ်တိုင်းက အပြည့်အဝ ခံစားခွင့်ရအောင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အရေးကိစ္စများကို လက်တွဲပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့် ကလေးသူငယ်များဟာ နောင်တစ်ချိန်မှာ တိုင်းပြည်အတွက် အားကိုးအားထားပြုရတဲ့ နိုင်ငံ့သားကောင်း ရတနာများဖြစ်လာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန်လိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ကဝမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ကွင်းဆင်း

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်း၍ အသိပညာပေး ရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်‌ပေးခြင်းကို ယနေ့နံနက်ပိုင်းက ချောင်းဂွ၊ ဇွဲဘာ၊ ကမာဘာ၊ အလယ်ရွာ၊ ညောင်ပင်၊ ဘုမ္မစိုး၊ ကမ်းပြောင်၊ ခနီး၊ ကဒါတ်စိန်၊ ကံအေး၊ ဝဲပတန်၊ အောင်ကောင်းညွန့်နှင့် သာယာကုန်းကျေးရွာများတွင် ပြုလုပ်ခဲ့သည်။

တာချီလိတ်မြို့၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဆုပေးပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ အ.ထ.က(ဟောင်လိတ်)၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌  ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဒုတိယအကြိမ် မဲစာရင်းများ စတင်ကပ်ထား ကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ်မဲစာရင်းများကို မြို့နယ်အတွင်းရှိ သက်ဆိုင်ရာရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယနေ့နံနက်ပိုင်းမှစ၍ ကပ်ထားကြေညာပေးလျက် ရှိသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်သော အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးခြင်း၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေးခြင်းကို ကြည့်ရှုအားပေး

သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တပညာဇောတ ဦးစီးအမှူးထား၍  ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်ပံ့ပိုးပါဝင်မှုနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုတို့ဖြင့် စက္ခုအလင်း ကျန်းမာရေးကုသိုလ်ပြုအလှူရှင်များ၏ လှူဒါန်းမှုတို့ဖြင့် မော်လမြိုင်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ မျက်စိဌာန၌ မျက်စိအထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်/ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများမှ မျက်စိအမြင်အာရုံ ချို့ယွင်းသူများအား စက္ခုအလင်း ကျန်းမာရေး အလှူတော်အဖြစ် အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးနေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

မြန်အောင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီ၊ ဆန်နှင့်ကြက်ဥများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မြန်အောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် အမှတ် (၁) ရပ်ကွက်၌ ယနေ့နံနက်က အိမ်ထောင်စုတစ်စုလျှင် ၅၀ ကျပ်သားနှုန်းဖြင့် စားအုန်းဆီရောင်းချပေးခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းမြို့၌ သက်ကြီးဘိုးဘွားများအားကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် အပတ်စဥ်သောကြာနေ့တိုင်း သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်း ကိုနိုဝင်ဘာလ (၂၁)ရက်နေ့ နံနက်(၈)နာရီမှ (၁၂)နာရီထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တိုက်ကြီးမြို့နယ် ဂဝံလမ်းဖောက်လုပ်မည့်အခြေအနေနှင့် ဆောင်းသီးနှံနေကြာစိုက်ပျိုးမည့် အခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ငါးလာချောင်းကျေးရွာအုပ်စု၊ အလယ်စုကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းအဝင်လမ်းအား ဂဝံလမ်းဖောက်လုပ်မည့် အခြေအနေနှင့် ဆောင်းသီးနှံနေကြာစိုက်ပျိုးမည့် အခြေအနေတို့အား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

အလုံမြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏လုပ်ငန်းတာဝန်များ မြို့နယ်အဆင့်သင်တန်းဖွင့်လှစ်

အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ ကမ်းနားလမ်း၊ အထက(၇)ကျောင်း၊ သဇင်ခန်းမ၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များ မြို့နယ်အဆင့်နည်းပြသင်တန်းကို နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာရီအချိန်ခန့်က ကျင်းပသည်။

နတ်မောက်မြို့နယ်တွင် တက္ကသိုလ်/ဒီဂရီကောလိပ်တက်ရောက်ကြမည့် ကျောင်းသား/ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေး

မကွေးတိုင်းဒေသကြီး မကွေးခရိုင် နတ်မောက်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် တက္ကသိုလ်/‌ဒီဂရီကောလိပ်တက်ရောက်ကြမည့် ကျောင်းသား/ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့က ရပ်ကွက်ကော်မရှင်ရွေးကောက်ပွဲအဖွဲ့ခွံရုံးများ၌ ကျင်းပသည်။
Subscribe to