မြန်အောင်မြို့နယ်၌ တက္ကသိုလ်ကျောင်းသား/ကျောင်းသူများ ကြိုတင်ဆန္ဒမဲများပေးလျက်ရှိ
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မြန်အောင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ၊အုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ နိုဝင်ဘာ ၁၇ ရက်မှစ၍ တက္ကသိုလ်ကျောင်းသား/ကျောင်းသူများ ကြိုတင်ဆန္ဒမဲများပေးလျက်ရှိရာ ယမန်နေ့အထိ (၃၃၆) ဦး ကြိုတင်ဆန္ဒမဲပေးပြီးကြောင်းသိရသည်။