ပူတာအိုခရိုင်၌ ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာမှုများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် မြို့နယ်အလိုက် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ၌ ၂၀၂၅-ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများအား ဒုတိယအကြိမ် ထုတ်ပြန်ကြေညာကပ်ထားမှုများကို နိုဝင်ဘာ(၂၁)ရက် နံနက် (၁၀) နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အသက် (၈၀) နှင့်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် မြို့နယ်ကျန်းမာရေးဌာန၊ ဝန်ထမ်းများမှ ကျန်းမာရေးစောင့်ရှေုာက်မှုများအခမဲ့ (အခမဲ့) ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်တွင် ပြည်သူများအား ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး (Pfizer JN1 (Gery Cap)ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်တွင် ပြည်သူများအား ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး (Pfizer JN1 (Gery Cap)ကို ယမန်နေ့နံနက်ပိုင်းက ရွာမအရှေ့ရပ်ကွက် ခရိုင်ဆောက်လုပ်ရေးဦးစီးဌာနနှင့် စော်ဘွားကြီးကုန်း  ‌ရပ်ကွက်ဒေးဒရဲကျောင်း ဓမ္မာရုံတို့တွင် ဦးတည်အုပ်စုများအား Pfizer vaccine(JN1)ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ကမာရွတ်မြိုနယ်တွင် မဲဆန္ဒရှင်ပြည်သူများစာရင်းကို ဒုတိယအကြိမ် ကပ်ထားကြေညာထားရှိရာ ပြည်သူများလာရောက်ကြည့်ရှုလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင်၊ ကမာရွတ်မြိုနယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်နှင့်အထက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏ မဲစာရင်းများကို ဒုတိယအကြိမ်ရပ်ကွက်များအလိုက် ယနေ့နံနက် ၇ နာရီမှစတင်ကာ ကပ်ထားကြေညာထားကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန် မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန် မြို့နယ်အဆင့်သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၂၇) အခြေခံပညာအထက်တန်းကျောင်းရှိ အောင်တံခွန်ခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Subscribe to