မအူပင် ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် (၇၆) နှစ်မြောက် အာဇာနည်နေ့အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမ ကြီးဒေါ်သင်းသင်းအေးက အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္တုပ္ပတိများနှင့်လုပ်ကြံခံရမှုများကို ကျောင်းသား/ ကျောင်းသူများသိရှိစေရန် ရှင်းလင်းဟောပြောသည်။
၎င်းနောက်အာဇာနည်နေ့အကြိုပြသထားသည့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်များနှင့် ပန်းချီပြိုင်ပွဲတွင်ဆုရရှိသည့်ပန်းချီများ၊ စာစီစာကုံးများအား ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ ဆရာမများမှ စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မအူပင်ခရိုင် (ပြန်/ဆက်)