ထန်ပါခွေ ဇူလိုင် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့အခြေခံပညာ အထက်တန်းကျောင်း၌ ဇူလိုင်လ(၁၈)ရက်၊ နံနက်(၉)နာရီအချိန်က (၇၆)နှစ်မြောက် အာဇာနည်နေ့ အကြိုဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင်ထန်ပါခွေမြို့ အခြေခံပညာအထက်တန်းကျောင်းမှ အလယ် တန်းပြဆရာ ဦးကံမင်းထွန်းက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် အာဇာနည် (၉) ဦးအကြောင်းအား ဆွေးနွေးဟောပြောခဲ့ပြီးနောက် စာစီစာကုံးပြိုင်ပွဲဆက်လက်ကျင်းပရာ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများက “လေးမြတ်ဂုဏ်ရည် အာဇာနည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများက “မမေ့အစဉ် အလာအာဇာနည်နေ့အချိန်အခါ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ (၇၆) နှစ်မြောက် အာဇာနည်နေ့ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲအခမ်း အနားသို့ ထန်ပါခွေမြို့ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထန်ပါခွေ (ပြန်/ဆက်)