တာလေ ဇူလိုင် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ အခြေခံပညာဉီးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနတို့ ပူးပေါင်း၍ ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ် မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အခြေခံပညာအထက်တန်းကျောင်း(တာလေ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
ရှေးဉီးစွာ အခြေခံပညာအထက်တန်းကျောင်း(တာလေ)မှ ကျောင်းအုပ်ဆရာကြီး ဉီးကျော်ဆန်းက အဖွင့်အမှာစကားပြောကြားပြီး ဆရာမဒေါ်ဘူးလာက အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်း ကြောင်းကိုလည်းကောင်း၊ ဆရာမဒေါ်ရွှေစံပယ်က အာဇာနည်(၉)ဉီး၏ အတ္ထုပ္ပတ္တိများကိုလည်း ကောင်း၊ ဆရာမဒေါ်သဇင်က အာဇာနည်စိတ်ဓာတ်အကြောင်းကိုလည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဉီးစီးမှူးဒေါ်ယဉ်ယဉ်ဝင်းက အာဇာနည်နေ့ ဒို့မမေ့ ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ခင်းကျင်းပြသထားသော အာဇာ နည်(၉)ဉီး၏ မှတ်တမ်းဓာတ်ပုံများ၊ အတ္တုပ္ပတ္တိများနှင့် အသိပညာပေးအကြောင်းအရာများပါ နံရံ ကပ်စာစောင်နှင့် အသိပညာပေး စာအုပ်၊ စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ ဝင်စားစွာ ဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)