ကွမ်းခြံကုန်းမြို့နယ်၌ လူကုန်ကူးမှု အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကွမ်းခြံကုန်း ဇူလိုင် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် လူကုန်ကူးမှုအသိပညာပေးဟောပြောပွဲကို  ဇူလိုင်လ ၁၇ ရက်နေ့က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ကျင်းပ  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ  ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးရဲတင့်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးသန်းလွင်က လူကုန်ကူးခြင်း၏ နောက်ခံသမိုင်းအကြောင်းများကို (Power Point)ဖြင့် ရှင်းလင်းဟောပြော ဆွေးနွေးခဲ့ကြောင်းသိရသည်။ ဆက်လက်ပြီး ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်ဥပဒေအရာရှိ ဦးရဲမြင့်ဝင်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေး အခန်း(၁၀)ပါပြစ်မှု၊ ပြစ်ဒဏ်များ အကြောင်းနှင့် လူကုန်ကူးမှု၏ရည်ရွယ်ချက် အားရှင်းလင်းပြောကြားခဲ့ ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့  ကွမ်းခြံကုန်းမြို့နယ်   စီမံအုပ်ချုပ်ရေးအဖွဲ့၊  အဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်စုံစိုး၊   အဖွဲဝင် (၂) ဦးရဲတင့် နှင့်အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အ-ထ-က(၁) ကျောင်းအုပ်ဆရာမကြီးနှင့်  ဆရာ/ဆရာများ၊ ကျောင်းသား/ကျောင်းသူ (၅၀၀) ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

ဆွေနွယ်(ပြန်/ဆက်)