အမရပူရမြို့နယ်၌ ၇၆ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

အမရပူရ ဇူလိုင် ၁၉

၇၆ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို ဇူလိုင်လ ၁၈ ရက်နေ့က မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲများ၌ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို နံနက် ၁၀ နာရီတွင် လည်းကောင်း၊ ကဗျာရွတ်ပြိုင်ပွဲကို နေ့လည် ၁ နာရီတွင် လည်းကောင်း ဆက်လက်ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၂၀ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲများကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပြီး ဆုရရှိသူများကို ဦးစီးအရာရှိနှင့် စာကြည့်တိုက်တာဝန်ခံတို့က ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)