မြစ်သားမြို့နယ်တွင် နွားကူလေးကျေးရွာအနီ ပန်းလောင်မြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၃)သိန်း ငါးမျိုးစိုက်ထည့်ပေးလျက်ရှိ

မြစ်သား ဇူလိုင် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် နွားကူလေးကျေးရွာအုပ်စုရှိပန်းလောင်  မြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ ( ၃ ) သိန်း ငါးမျိုးစိုက်ထည့်ပေးခြင်းကို ယမန်နေ့  နံနက် ( ၈ ) နာရီအချိန်က မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏  ကြီးကြပ်မှုဖြင့် ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။         

အဆိုပါ ငါးမွေမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးသယံဇတများ စဉ်ဆက်မပြတ် ရေရည်ထိန်းသိမ်းရေး၊ ငါးမျိုးကောင်မျိုးသန့်များ ရေရှည်တည်တံ့ပြန်ပွားစေရန်နှင့် ငါးရိက္ခာများ ရေရှည်စားသုံးနိုင်ရန် ရည်ရွယ်၍ နွားကူလေးကျေးရွာအနီး ပန်းလောင်မြစ်အတွင်းသို့ ငါးသားပေါက်ယိုးဒယားငါးခုံမ ငါးအကောင်ရေ (၁၀၀၀၀၀) သိန်း ၊ ငါးမျှစ်ရှဥ်ငါးအကောင်ရေ( ၁၅၀၀၀၀ )သိန်းနှင့် ငါးကြင်ရွှေဝါငါးကောင်ရေ (၅၀၀၀၀)သောင်း စုစုပေါင်း    ငါးအကောင်ရေ (၃၀၀၀၀၀)သိန်း ကောင်ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ထိုသို့    ငါးမျိုးစိုက်ထည့်ရာသို့   ကျောက်ဆည်ခရိုင်   ငါးလုပ်ငန်းဦးစီးဌာနမှ  ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်ဝင်း၊ မြစ်သားမြို့နယ် ကူမဲမြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ခံများ ၊မြစ်သားမြို့နယ် ကူမဲမြို့ ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစောအောင်ကိုလတ်နှင့် ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ နွားကူလေးကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ/ကျေးရွာသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းမင်းထွန်း