ပေါက်ခေါင်းမြို့နယ် ဆရာဝန်ကြီးဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများအဖွဲ့မှ အခမဲ့ကွင်းဆင်းဆေးကုသဆောင်ရွက်ပေး

ပေါက်ခေါင်း ဇူလိုင် ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ပြည်သူ့ဆေးရုံကြီးမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်မျိုးမြတ် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများအဖွဲ့သည် ဇူလိုင် ၂၁ ရက်နေ့က ညောင်ကုန်းကျေးရွာနှင့်ပတ်ဝန်းကျင်‌ ကျေးရွာများရှိ ဒေသခံပြည်သူများအား  ညောင်ကုန်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာန၌ ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် အခမဲ့ကွင်းဆင်းဆေးကုသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးရာတွင် မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်း ဆရာ၊ ဆရာမများ၊ ညောင်ကုန်း‌ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းဆေးကုသရေးအဖွဲ့က ညောင်ကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာရှိ ဒေသခံပြည်သူများ၏ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို စနစ်တကျဆောင်ရွက်ပေးခဲ့ရာ အထွေထွေကုသလူနာ(၇၆)ဦးအား စမ်းသပ်ကြည့်ရှုစစ်‌ဆေးပေးပြီး၊ ကိုယ်ဝန်‌ ဆောင် အမျိုးသမီး(၅)ဦး၊ အသေးစားခွဲစိတ်ပေးရန် လိုအပ်သော လူနာများကိုလည်း အဆိုပါ‌ကျေးလက်ကျန်းမာရေးဌာန ဆေးကုသဆောင်၌ ခွဲစိတ် ဆေးကုသပေး ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သော ဆေးဝါးများကိုလည်း‌ အခမဲ့ပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)