ကျောက်ဖြူ ဇူလိုင် ၂၄
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုနှင့် အစိုးရရပ်ကွက်ရှိ ထောင်ပိုင်ကွင်းဧရိယာ၌ ကျင်းပပြုလုပ်သည့် မိုးစပါးစနစ်တကျ စိုက်ပျိုးလာနိုင်စေရေး ကွင်းသရုပ်ပြပွဲ ဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုအားပေးကြသည်။
ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်သို့ သွားရောက်ပြီး လေယာဉ်ကွင်းသွားလမ်းတစ်လျှောက် လမ်းဘေး ဝဲ/ယာရှိ ခြုံနွယ်၊ ပေါင်းပင်၊ မြက်ပင်များနှင့် လမ်းမပေါ်သို့ကျရောက်နေသည့် သစ်ပင်၊ သစ်ကိုင်းများ၊ တယ်လီဖုန်းကြိုးများ၊ လျှပ်စစ်မီးကြိုးများနှင့် မလွတ်သည့် သစ်ပင်၊ သစ်ကိုင်းများကို ကျောက်ဖြူ တပ်နယ်မှ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများမှ စုပေါင်း သန့်ရှင်းရေး ပြုလုပ်နေမှုတို့ကို ကြည့်ရှုအားပေးသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် အစိုးရရပ်ကွက်၊ ထောင်ပိုင်ကွင်း ဧရိယာတွင် ကျင်းပပြုလုပ်သည့် မိုးစပါးစနစ်တကျစိုက်ပျိုးလာနိုင်စေရေး ကွင်းသရုပ်ပြပွဲ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုရာ ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက တစ်ဧက စိုက်ပျိုး စရိတ်သက်သာစေရေး၊ လုပ်သားရှားပါးမှု ဖြေလျော့ပေးနိုင်ရေး၊ မိုးစပါးစနစ်တကျစိုက်ပျိုး လာနိုင်စေရေး နှင့် ကောက်စိုက်စက်ဖြင့် တောင်သူများစိုက်ပျိုးလာနိုင်စေရေးအတွက် ပျိုးဗန်းများနှင့် ပျိုးထောင်ထား ရှိမှုကိုပြသပြီး ကွင်းသရုပ်ပြပွဲဆောင်ရွက်နေမှုတို့အား ကြည့်ရှုအားပေးသည်။ ယင်းနောက် ဒုတိယဗိုလ်ချုပ် ကြီး လူအေးနှင့်တာဝန်ရှိသူများသည် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကောက်စိုက်တောင်သူများကို တိုင်းရင်းဆေးလုပ်ငန်းရှင်များမှ ပေးပို့လှူဒါန်းထားသည့် တိုင်းရင်းဆေးမျိုးစုံအား ပေးဝေခဲ့ကြောင်း သိ ရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)