ပေါက်တော ဇူလိုင် ၂၄
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် ခြင်ကိုက်ခံရခြင်းကြောင့် ဦးနှောက်အမြှေးပါး ရောင်ရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် နှိမ်နင်းရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှ ဝန်ထမ်းများသည် ယနေ့ညနေပိုင်းက အရှေ့ပိုင်းရပ်ကွက်သို့ သွားရောက်ပြီး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွါးလျှင် အသက်ဆုံးရှုံးနိုင်သည်အထိ ဖြစ်နိုင်သောကြောင့် ကြိုတင်ကာကွယ်ရေးအတွက် အရှေ့ပိုင်းရပ်ကွက်အတွင်းရှိ လူနေအိမ်များတွင် ထားရှိသည့် ရေစည်ပိုင်း၊ ရေတိုင်ကီ၊ စဉ့်အိုးများနှင့် ပိုးလောက်လန်းနှင့် ခြင်ခိုအောင်းနိုင်သော ရေတွင်းရေကန်များထဲသို့ အဘိတ်ဆေးများ ခတ်ပေးခြင်း၊ နေအိမ်များရှိ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ်များ ပြုလုပ်ပေးပြီး ဦးနှောက်အမြှေးပါးရောင်ရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကာကွယ်ရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)