နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချေးငွေယူသည့် ဝါကြိတ်စက်လုပ်ငန်းရှင်များအသင်းစု၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြည်ကြီးတံခွန် ဇူလိုင် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ဝါကြိတ်စက်လုပ်ငန်းရှင်များအသင်းစု၏ လုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက (ဈ)၊ ပပ-၁၆ ရပ်ကွက်ရှိ နေလဝါကြိတ်စက်နှင့် ဆီစက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာသို့ မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးဦးသိန်းဌေး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဦးတိုးမင်းနှင့် အဖွဲ့ဝင်များ၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးထွဋ်ဆွေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်နှင့် မြို့နယ်အဆင့်တာဝန်ရှိသူ များ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထို့နောက် ဝါကြိတ်စက်လုပ်ငန်းရှင် ဦးအောင်မင်းက အသင်းစု၏ကိုယ်စား နိုင်ငံစီးပွားမြှင့်တင်ရေးချေးငွေအား ချေးယူပြီးစီးမှု အခြေအနေ၊ လုပ်ငန်းများ ဆောင်ရွက်နေမှု အ‌ခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေ၊ ဝါကုန်ကြမ်းရရှိမှုနှင့် ကုန်ချောတင်ပို့မှု အခြေအနေ၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို ရှင်းလင်းတင်ပြခဲ့ပြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့် ဝာာဝန်ရှိသူများက ဝါကြိတ်စက်၊ ဝါစေ့ဆီကြိတ်စက်တို့၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှူစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)